ဆာဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည် ဘယ်လ်ဂရိတ် (Belgrade) မြို့အနီး စစ်အခြေစိုက်စခန်းတစ်ခုတွင်ပြုလုပ်သည့် စစ်ရေး လေ့ကျင့်ခန်းသို့သွားရောက်ခဲ့ကြောင်း ABC သတင်းဌာနက ဇန်နဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘူစစ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းသို့တက်ရောက်စဉ် ရုရှားနိုင်ငံမှ ဝယ်ယူထားသော Kornet အမည်ရှိ တင့်ဖျက်ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုအား ကြည့်ရှု ခဲ့ပြီးနောက် အဆိုပါဒုံးကျည်အပါအဝင် ရုရှားနိုင်ငံမှ ထပ်မံပေးပို့လာမည့် စစ်လက်နက် ပစ္စည်းများအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘူစစ်သည် အဆိုပါ Kornet တင့်ဖျက်ပဲ့ထိန်းဒုံးကျည်နှင့်ပတ်သက်၍ ၎င်းဒုံးကျည်မှာ မိမိတို့နိုင်ငံအား ကျူးကျော်ရန်စလာသော မည်သည့်နိုင်ငံကိုမဆို ခုခံကာကွယ်ရန် အတွက် အရေးပါသောလက်နက်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment