Tuesday, January 18, 2022

တူရကီနှင့် အယ်လ်ဘေးနီးယားဝန်ကြီးချုပ်တို့သည် သဘောတူညီချက် ၇ ချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi RAMA) တို့သည် သဘာဝဘေး အန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု၊ မီဒီယာ၊ မော်ကွန်းတိုက်များ၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ လုံခြုံရေး၊ လူငယ်နှင့်အားကစားကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့နှင့်ပတ်သက်သည့် သဘောတူညီချက် ၇ ချက်ကို ဇန်နဝါရီလ ၁၇ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အာဒိုဂန်နှင့် ၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် အယ်လ်ဘေးနီးယားဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အယ်လ်ဘေးနီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း အထက်ပါသဘောတူညီချက်များအား လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနှင့်ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment