Wednesday, January 26, 2022
မော်လ်ဒိုဗာသည် တရုတ်နှင့် ကဏ္ဍအသီးသီးတွင် ဆက်ဆံရေးတိုးမြှင့်သွားမည်ဆိုခြင်း
မော်လ်ဒိုဗာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုတိုးမြှင့် နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအား ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် မျှော်မှန်းထားကြောင်း မော်လ်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sandu) က ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ သမ္မတ မီယာဆန်ဒူသည် မော်လ်ဒိုဗာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ယမ်ဝမ်ဘင် (Yan Wenbin) ထံမှ ၎င်းတို့နိုင်ငံဆိုင်ရာ သံအမတ်အဖြစ်ခန့်အပ်ခြင်း အသိအမှတ်ပြုလွှာများ လက်ခံရယူစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကာလကြာရှည်အကူအညီပေးအပ်ခဲ့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း သမ္မတ မီယာဆန်ဒူက ထပ်လောင်းပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာ-တရုတ် သံတမန် ဆက်ဆံရေးတည်ထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း၌ နှစ်နိုင်ငံအပြန်အလှန်ယုံကြည်မှုများ ပိုမိုအားကောင်းလာသည့်အပြင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာနိုင်ခဲ့သည်ဟု တရုတ်သံအမတ်ကြီး ယမ်ဝမ်ဘင်က အဆိုပါ တွေ့ဆုံမှုအတွင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
နိုင်ငံရေး,
မော်လ်ဒိုဗာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment