အက်စတိုးနီးယားနိုင်ငံသည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသည့် HIMARS အမျိုးအစား ဘက်စုံသုံးဒုံးကျည်စနစ် ၆ ခုဝယ်ယူရန် သဘော တူညီခဲ့ကြောင်း အက်စတိုးနီးယား ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုများဆိုင်ရာအေဂျင်စီက ဒီဇင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားအိမ်နီးချင်း အက်စတိုးနီးယားနိုင်ငံ သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ကာကွယ်ရေးအသုံးစရိတ် အား တိုးမြှင့်သုံးစွဲလျက်ရှိပြီး ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေး လျက်ရှိပါသည်။ ထို့ပြင် လစ်သူရေးနီးယားနိုင်ငံသည်လည်း အမေရိကန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၉၅ သန်းတန်ဖိုးရှိသည့် HIMARS ဒုံးကျည်စနစ် ၈ ခု ဝယ်ယူသွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment