Ekathimerini;Dec-11(Sun)
ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တရားဝင်ကြေညာချက်တစ်စောင်အား လာမည့်လများအတွင်း လက်မှတ်ရေးထိုးသွား မည်ဟု ဥရောပလွှတ်တော် လက်ထောက်အတွင်းဝန် လီယိုဒိုဟာတီ (Leo Doherty) က ဂရိလွှတ်တော်အမတ် မီလ်တီယာဒစ်စ်ဗာဗစ်စီရက်တစ်စ်(Miltiadis Varvitsiotis) နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်စဉ်အတွင်း ပြောကြားခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်တွင် Ekathimerini သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမူဘောင်ကို လက်မှတ်ရေးထိုး ခဲ့ကြသော်လည်း လက်ရှိဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေများအရ တရားဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်ရန်လိုအပ်ကြောင်း ဒိုဟာတီက ပြောကြားခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမူဘောင်တွင် ပညာရေး၊ ရေကြောင်း ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ ရွှေ့ပြောင်းသွားလာမှု၊ ခရီးသွားလာရေးနှင့် အခြားသော ကဏ္ဍရပ်များအား ပူးပေါင်းဆောင်ရွက်ရန် အဓိကဦးစားပေးချမှတ်ထား လျက်ရှိပါသည်။
ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံတရားစီရင်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သော အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း ဒိုဟာတီက ပြောကြားခဲ့ပါ သည်။ ထို့ပြင် နှစ်နိုင်ငံအကြား တက္ကသိုလ်ကျောင်းသားများ အပြန်အလှန်စေလွှတ်ရေး အပါအဝင် ဆန်းသစ်တီထွင်မှုနှင့် သုတေသနကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်ကိုလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် NATO အဖွဲ့အတွင်း၌ သိသာထင်ရှားသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ပြုလုပ်ခဲ့သည့်အပြင် လက်ရှိ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု များကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက် အရ သိရှိရပါသည်။
No comments:
Post a Comment