Tuesday, December 6, 2022

အယ်လ်ဘေးနီးယားသည် ရေပိုင်နက်အငြင်းပွားမှုကို နိုင်ငံတကာခုံရုံးတွင် လက်ခံ ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဂရိဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်း


Anadolu Agency;Dec-7(Wed)

အယ်လ်ဘေးနီးယားနိုင်ငံအနေဖြင့် ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့အကြား ဖြစ်ပေါ်နေသည့် အထူးသီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) အငြင်းပွားမှုများကို နိုင်ငံတကာတရားရုံး (International Court of Justice ICJ) ထံ လျှောက်ထားဖြေရှင်းရေးအတွက် သဘောတူမည်ဟုယူဆကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံ အကြား ရေကြောင်းပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ တရားရေးဆိုင်ရာရှုပ်ထွေးမှု များစွာရှိနေခဲ့သော်လည်း မကြာသေးမီလများအတွင်း သိသာထင်ရှားသည့် တိုးတက်မှု များဖြစ်ပေါ်ခဲ့ကြောင်း ဂရိနိုင်ငံထုတ် Kathimerini နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ပါ သည်။ အယ်လ်ဘေးနီးယားနိုင်ငံ၊ မြို့တော်တီရာနာ (Tirana) ၌ ဒီဇင်ဘာလ ၆ ရက် တွင်ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ-အနောက်ဘော်လ်ကန် ထိပ်သီးအစည်းအဝေးတွင် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) နှင့် အပြန်အလှန်ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက်တွင် ဂရိဝန်ကြီးချုပ်၏ အဆိုပါမှတ်ချက်ပေးပြောကြားမှု ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။

ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့သည် အိုင်အိုနီယန် (Ionian) ပင်လယ်တွင် ရေကြောင်းပိုင်နက်ဆိုင်ရာတောင်းဆိုမှုများကို ဆယ်စုနှစ်များစွာကြာ ငြင်းခုံမှုများပြုလုပ် လျက်ရှိကြပြီး ယင်းပြဿနာကိုဖြေရှင်းရန် ၂၀၀၉ ခုနှစ်တွင် ရေကြောင်းနယ်နိမိတ် ကန့်သတ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော်လည်း ၎င်းသဘော တူညီချက်သည် အယ်လ်ဘေးနီးယားနိုင်ငံ၏ ရေပြင်ပိုင်နက် ၂၂၅ စတုရန်းကီလိုမီတာ (၈၆ စတုရန်းမိုင်) အား ဂရိနိုင်ငံသို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းသာဖြစ်ကြောင်း ထိုအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သည့် လက်ရှိဝန်ကြီးချုပ် ရာမာက အယ်လ်ဘေးနီးယားအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ကန့်ကွက်ပြောကြားခဲ့ပါသည်။ ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့အကြား အဆက်မပြတ်တင်းမာနေဆဲဖြစ်သော အငြင်းပွားမှု များကိုဖြေရှင်းရန် အယ်လ်ဘေးနီးယားတရားရုံးက ၂၀၁၀ ပြည့်နှစ်တွင် သဘောတူညီ ခဲ့ပါသည်။ ဂရိလွှတ်တော်သည် အိုင်အိုနီယန်ပင်လယ်ရှိ ၎င်း၏ရေပိုင်နက်ကို ၆ မိုင်မှ ၁၂ မိုင်အထိ ၂ ဆတိုးမြှင့်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုပြီးနောက် ၎င်းပြဿနာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့သည် အိုင်အိုနီယန် (Ionian) ပင်လယ်တွင် ရေကြောင်းပိုင်နက်ဆိုင်ရာတောင်းဆိုမှုများကို ဆယ်စုနှစ်များစွာကြာ ငြင်းခုံမှုများပြုလုပ် လျက်ရှိကြပြီး ယင်းပြဿနာကိုဖြေရှင်းရန် ၂၀၀၉ ခုနှစ်တွင် ရေကြောင်းနယ်နိမိတ် ကန့်သတ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော်လည်း အယ်လ်ဘေးနီးယားနိုင်ငံသည် ၎င်း၏ ရေပြင်ပိုင်နက် ၂၂၅ စတုရန်းကီလိုမီတာ (၈၆ စတုရန်းမိုင်) ကို ဂရိနိုင်ငံသို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း ထိုအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သည့် လက်ရှိဝန်ကြီးချုပ် ရာမာက အယ်လ်ဘေးနီးယား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတွင် ငြင်းဆိုခဲ့ပါသည်။ အဆိုပါအငြင်းပွားမှုကြောင့် အယ်လ်ဘေးနီးယားအခြေခံဥပဒေခုံရုံးနှင့် ၎င်းနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုတို့အကြား ဥပဒေပိုင်းဆိုင်ရာ ထိပ်တိုက်အငြင်းပွားမှုများရှိခဲ့ပြီးနောက်တွင် ရှေ့ဆက်ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ပါသည်။ ဂရိလွှတ်တော်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အိုင်အိုနီယန် ပင်လယ်ရှိ ၎င်း၏ရေပိုင်နက်ကို ၆ မိုင်မှ ၁၂ မိုင်အထိ ၂ ဆတိုးမြှင့်ရန် ဥပဒေမူကြမ်း တစ်ရပ်ကို အတည်ပြုပြီးနောက်တွင် ၎င်းပြဿနာများ ထပ်မံပေါ်ပေါက်လာခဲ့ခြင်းဖြစ် ပါသည်။ အယ်လ်ဘေးနီးယားနိုင်ငံ၊ မြို့တော် တီရာနာ (Tirana) ၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ-အနောက်ဘော်လ်ကန် ထိပ်သီးအစည်းအဝေး၌ အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) နှင့် ဂရိဝန်ကြီးချုပ် ကရီယာ ကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) တို့အကြား အပြန်အလှန်ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက်တွင် အငြင်းပွားမှုများကိုဖြေရှင်းရန်အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့လွှဲပြောင်းပေးရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံသဘောတူညီချက် အရ ရေကြောင်းနယ်နိမိတ်အငြင်းပွားမှုများအားဖြေရှင်းရန် နိုင်ငံတကာတရားရုံးသို့ လွှဲပြောင်းမှုသည် ကာလရှည်စွာဖြစ်ပေါ်နေသည့် တင်းမာမှုများကို ဖြေရှင်းနိုင်မည့် လမ်းစတစ်ရပ်ပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


No comments:

Post a Comment