European Western Balkans; Dec-2(Fri)
ကိုဆိုဗိုအစိုးရအဖွဲ့တွင် ဆားဘီးယန်းလူနည်းစုပါတီ (Serbain List) ဝင် မဟုတ်သူတစ်ဦးအား ဝန်ကြီးခန့်အပ်မှုအပေါ် ဥရောပသမဂ္ဂ၏တုံ့ပြန်ချက်သည် ရှက်ဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်းနှင့် ဆားဘီးယားနိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၆ ရက်တွင် အယ်လ်ဘေးနီးယားမြို့တော် တီရာနာ (Tirana) ၌ ကျင်းပ ပြုလုပ်မည့် ဥရောပသမဂ္ဂ-အနောက်ဘောလ်ကန် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ်များစေလွှတ်သွားမည်မဟုတ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ် (Aleksandar Vucic) က ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurtin) သည် အတိုက်အခံဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ နီနတ်ရာဆစ် (Nenad Rasic) အား ကိုဆိုဗိုလူမျိုးစုရေးရာနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ဒီဇင်ဘာလ ၁ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုတို့အနေဖြင့် သဘောတူညီချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန်နှင့် ကိုဆိုဗိုဆာ့ဘ်လူမျိုးများအား ကိုဆိုဗိုရှိ အဖွဲ့အစည်းများထံ ချက်ချင်းပြန်ပို့နိုင်ရေးလုပ်ဆောင်ကြရန် ဥရောပသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားခဲ့ပါသည်။
ကိုဆိုဗို၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးများခန့်အပ်ခြင်းသည် အလွန် အရေးပါသည့်ကိစ္စရပ်ဖြစ်သည့်အတွက် ကိုဆိုဗိုအနေဖြင့် အများစုမဟုတ်သည့် လူ့အဖွဲ့ အစည်းကို ကိုယ်စားပြုသောဝန်ကြီးများခန့်အပ်ခြင်းအတွက် လိုအပ်သည့်လုပ်ထုံး လုပ်နည်းအားလုံးအား သေချာစွာလုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့ပါသည်။ ထိုသို့ နီနတ်ရာဆစ်အား ကိုဆိုဗိုအစိုးရအဖွဲ့၌ ထည့်သွင်းခန့်အပ်ခဲ့မှုသည် ဥရောပသမဂ္ဂ၏ သဘောတူညီချက်နှင့် ရွေးကောက်ပွဲများတွင်ထုတ်ပြန်ထားသည့် နိုင်ငံသားများ၏ သဘောဆန္ဒများကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ဆားဘီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ ပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂ၏ ရှက်ဖွယ်ရာကောင်းသည့် အဆိုပါထုတ်ပြန်ချက် နှင့်ပတ်သက်၍ ဆားဘီးယားနိုင်ငံအနေဖြင့် ထိပ်သီးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက် သွားရန် လိုအပ်တော့မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment