Wednesday, February 1, 2023

ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) သည် လတ်ဗီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်း

 

ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) သည် လတ်ဗီးယားနိုင်ငံသို့ ဖေဖော်ဝါရီလ ရက်မှစတင်၍ ၂ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ပြီး လတ်ဗီးယား သမ္မတ အီဂဲလ်လီဗစ် (Egils Levits)အပါအဝင် အခြားအကြီးအကဲများနှင့်အတူ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ယူကရိန်းနိုင်ငံဆိုင်ရာ  ကူညီထောက်ပံ့ပေးရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှား-ယူကရိန်း ပဋိပက္ခစတင် ဖြစ်ပွားချိန်မှစ၍ ပိုလန်နှင့် ဘောလ်တစ်နိုင်ငံများသည် ဥရောပသမဂ္ဂ (EU)နှင့် NATO အဖွဲ့တို့၏နိုင်ငံရေးလုပ်ငန်းစဉ်များအား အများဆုံးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း လီဗစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေး နီးယားနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်းတည်ဆောက်ရေးစီမံကိန်း သည် ပြည်သူများသွားလာရန်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်ရန်အတွက် အရေးပါလျက်ရှိကြောင်း သမ္မတ ဒူဒါ က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment