RFI; Feb-8(Wed)
အမေရိကန်နိုင်ငံသည် NATO အဖွဲ့ဝင်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ပိုလန်ကို အမေရိကန်ဒေါ်လာ
၁၀ ဘီလီယံတန်ဖိုးရှိ HIMARS တာဝေးပစ် အမြောက်ဒုံးကျည် ၁၈ လက်အပါအဝင်
ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ
၈ ရက်တွင် အတည်ပြုပြောကြားခဲ့
သည်ဟု RFI သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါရောင်းချမှုသည် ပိုလန်နိုင်ငံ၏
စစ်ရေးဆိုင်ရာစွမ်းရည်များ အဆင့်မြှင့်တင်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်နိုင်မည့်အပြင် အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများအကြား
အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း
တိုးမြှင့်စေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
HIMARS တာဝေးပစ်အမြောက်ဒုံးကျည်များသည်
ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယူကရိန်းစစ်ဘက်အတွက်
အဓိကအားထားရသည့် လက်နက်တစ်မျိုးဖြစ်ပြီး ရုရှား တပ်ဖွဲ့များ၏နေရာများကို
တိကျသောတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် လက်နက် အမျိုးအစားဖြစ်ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်
၂၀၂၂ ခုနှစ်မှ စ၍ ပိုလန်နိုင်ငံသည်
၎င်းတို့နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၂.၄ ရာခိုင်နှုန်း အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး NATO အဖွဲ့ဝင်နိုင်ငံများထဲတွင်
တတိယမြောက် ကာကွယ်ရေး အသုံးစရိတ် အများဆုံးသုံးစွဲသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။
ပိုလန်နိုင်ငံသည် မကြာသေးမီကာလများအတွင်း ၎င်း၏ကာကွယ်ရေးစွမ်းရည်ကို
မြှင့်တင်နိုင်ရေးအတွက် လက်နက်ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြောင်း
သိရှိရပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ပိုလန်နိုင်ငံအနေဖြင့် ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့ပြီး လက်နက်တပ်ဆင်မှုများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ပြောကြားခဲ့ပါသည်။
HIMARS တာဝေးပစ်အမြောက်ဒုံးကျည်များသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယူကရိန်းစစ်ဘက်ဆိုင်ရာများအတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့ပြီး ရုရှားတပ်ဖွဲ့များ၏ နေရာများကို တိကျသောတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် လက်နက်အမျိုးအစားဖြစ်ပါသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် ပိုလန်နိုင်ငံသည် မကြာသေးမီကာလများအတွင်း ၎င်း၏ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ရေးအတွက် လက်နက်ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက် များစွာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ ပထဝီဝင်အနေအထားအရ
ပိုလန် နိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် ရုရှား၏
မဟာမိတ် နိုင်ငံဖြစ်သော ဘီလာရုဇ်နိုင်ငံနှင့်ပါ
အိမ်နီးချင်းနိုင်ငံအဖြစ် တည်ရှိနေပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံအနေဖြင့်
၎င်း၏ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များကို ခေတ်မီတိုးတက်စေရန်နှင့် နိုင်ငံလုံခြုံရေး၊ ဒေသတွင်းခြိမ်းခြောက်မှုများကို ဟန့်တားနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လာသည်ကို
တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံမှ HIMARS တာဝေးပစ်အမြောက်ဒုံးကျည် ဝယ်ယူခြင်းများကို
ဆောင်ရွက်လာသည့်အပြင် အခြား နိုင်ငံများမှလည်း လက်နက်ဝယ်ယူရေးစာချုပ်များ ချုပ်ဆိုခဲ့သည်ကိုလည်း
တွေ့မြင်ရ ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို GDP ၏ ၂.၄ ရာခိုင်နှုန်း အထိ ပိုမိုတိုးမြှင့်ထားပြီး လက်နက်ဝယ်ယူရေးစာချုပ်များစွာကို
ချုပ်ဆိုထားသောကြောင့် အခြားမည်သည့်နိုင်ငံမှ မည်ကဲ့သို့သောလက်နက်များကို ဝယ်ယူသွားမည့်အခြေအနေ
များအား လေ့လာစောင့်ကြည့်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment