Europa Press; Feb-3(Fri)
ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် လာမည့်ဧပြီလ ၂ ရက်တွင်
လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့ကြောင်း Europa Press သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲအားကျင်းပနိုင်ရန်အတွက် အမျိုးသား
လွှတ်တော်အား ဖေဖော်ဝါရီလ ၃ ရက်တွင် ဖျက်သိမ်းသွားမည်ဖြစ်သည်ဟု ရူမန်ရာဒက်ဗ်က ကြေညာခဲ့ကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် လွှတ်တော်ရွေးကောက်ပွဲအား ဆောလျင်စွာကျင်းပပြုလုပ်သွားရန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ရာဒက်ဗ် က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံသည် အမတ်နေရာ ၂၄၀ ရှိပြီး သက်တမ်း ၄ နှစ်ရှိသည့် အမျိုးသားလွှတ်တော်တစ်ရပ်သာရှိပြီး ၎င်းတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး ပါတီများအနေဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ ၁၂၀ အနိုင်ရရှိရန် လိုအပ်မည်ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင်
ကျင်းပပြုလုပ်ခဲ့သော ဘူလ်ဂေးရီးယားလွှတ်တော် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် လိုအပ်သည့် လွှတ်တော်အမတ်နေရာများအား ရရှိခဲ့ခြင်းမရှိသည့်အပြင် ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက်လည်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိမှုကြောင့် ရူမန်ဒါ အနေဖြင့် အောက်လွှတ်တော်ရွေးကောက်ပွဲအား ထပ်မံကျင်းပသွားရန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ လာမည့်ဧပြီလ ၂ ရက်တွင် ကျင်းပပြုလုပ်သွားမည့် ဘူလ်ဂေးရီးယားနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲသည် ၂ နှစ်တာကာလအတွင်း (၅)ကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment