Friday, March 3, 2023
ဆားဘီးယားသည် ယူကရိန်းအပါအဝင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ် နိုင်သည့် မည်သည့်နိုင်ငံကိုမဆို စစ်လက်နက်ပစ္စည်းများ ပေးပို့မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း
ဆားဘီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံအပါအဝင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ် လိမ့်မည်ဟု ယုံကြည်ထားသည့် မည်သည့်နိုင်ငံကိုမဆို ၎င်းတို့၏ စစ်လက်နက်ပစ္စည်း များကို ပေးပို့မည်မဟုတ်ကြောင်း ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး အိုင်ဗီကာဒက်ဆစ်ခ် (Ivica Dacic) က ပြောကြားခဲ့သည်ဟု Fox သတင်းဌာနက မတ်လ ၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထောင်ပေါင်း များစွာကို တူကီယဲနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာခဲ့ခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ မဟာမိတ်ဆားဘီးယား နိုင်ငံအား တရားဝင်ရှင်းလင်းချက်ပြုလုပ်ရန် မတ်လ ၂ ရက်တွင် တောင်းဆိုခဲ့ပြီးနောက် ဒက်ဆစ်ခ်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ယူကရိန်း နိုင်ငံသည် တတိယနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ စစ်လက်နက်များကို ရရှိနိုင်ဖွယ်ရှိသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆားဘီးယားအစိုးရအနေဖြင့် ရှင်းလင်းရန် ချန်လှပ်ခဲ့သည်ဟု သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
Labels:
စစ်ရေး,
စစ်လက်နက်ပစ္စည်း,
ဆားဘီးယား,
ယူကရိန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment