တူကီယဲအတိုက်အခံပါတီများသည် လာမည့်ရွေးကောက်ပွဲတွင် သမ္မတလောင်း အဖြစ် ဝင်ရောက်ရွေးကောက်ခံမည့် ပုဂ္ဂိုလ်အားရွေးချယ်ရန် မတ်လ ၆ ရက်တွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ခမဲလ်ကီလစ်ဒါအိုဂလူ (Kemal Kilicdaroglu) ကို ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပါသည်။ ခမဲလ်သည် အဓိက အတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (Republican People's Party-CHP) ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ကာ ၎င်းအား အတိုက်အခံပါတီများက ရွေးကောက်ခံသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေးခေါင်းဆောင် မဟတ္တမဂန္ဒီနှင့်နှိုင်းယှဉ်၍ "ဂန္ဒီခမဲလ်" သို့မဟုတ် "တူကီယဲဂန္ဒီ" ဟု လူသိများသော ခမဲလ်သည် လက်ရှိသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့်ယှဉ်၍ ပြည်သူများအပေါ် အမြင်သစ်များ ပေးအပ်မည်ဖြစ်ပါသည်။အတိုက်အခံပါတီသည် မဟာမိတ်ပါတီ ၆ ခုဖြင့် ဖွဲ့စည်းထားရာ ပါတီအချို့ သည် ခမဲလ်အား အတိုက်အခံပါတီကိုယ်စားလှယ်လောင်းအဖြစ် ခန့်အပ်မှုအပေါ် စိုးရိမ်လျက်ရှိပါသည်။ ထို့ကြောင့် ခမဲလ်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး သာယာဝပြော သည့် နိုင်ငံအဖြစ်ဖော်ဆောင်ရန်ဆိုသည့် ရည်မှန်းချက်များထားရှိသွားမည်ဖြစ်ကြောင်းနှင့် အများဆန္ဒဖြင့် တိုင်းပြည်ကိုအုပ်ချုပ်မည်ဖြစ်ကြောင်း ၎င်းအား ထောက်ခံသူများအပေါ် အာမခံပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် ၂၀၁၈ ခုနှစ်တွင် တူကီယဲနိုင်ငံအား သမ္မတစနစ်ဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့သော်လည်း ခမဲလ်သည် ၎င်းသမ္မတအဖြစ် တာဝန် ထမ်းဆောင်ပါက ပါလီမန်စနစ်ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲသမ္မတရွေးကောက်ပွဲများနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သမ္မတ ရီဆက်တေရစ် အာဒိုဂန်သည်လည်း သမ္မတအဖြစ် ထပ်မံရွေးကောက်ခံသွားရန် စီစဉ်လျက်ရှိသလို အတိုက်အခံညွန့်ပေါင်းပါတီသည်လည်း ခမဲလ်ကီလစ်ဒါအိုဂလူကို ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံမည့် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် မတ်လ ၆ ရက်တွင် ရွေးချယ်ခဲ့ကြပါသည်။ လာမည့်ရွေးကောက်ပွဲတွင် အာဏာရပါတီနှင့် အဓိကအတိုက်အခံ ပါတီတို့၏ ကိုယ်စားလှယ်လောင်းများ၏ အသွင်အပြင်နှင့် စရိုက်လက္ခဏာတို့မှာ သိသိသာသာ ကွဲပြားလျက်ရှိခြင်းကြောင့် တူကီယဲနိုင်ငံရေးလောကအတွက် ပြင်းထန်သော ပြိုင်ဆိုင်မှုတစ်ခုဖြစ်လာမည်ဟု တူကီယဲနိုင်ငံသုတေသီများက ပြောကြားထားပါသည်။ ခမဲလ်ကီလစ်ဒါအိုဂလူသည် အိန္ဒိယပြည်သူ့အခွင့်အရေးခေါင်းဆောင် မဟတ္တမဂန္ဒီနှင့် အလွန်ဆင်တူသောကြောင့် "ဂန္ဒီခမဲလ်" ၊ သို့မဟုတ် "တူကီယဲဂန္ဒီ" ဟု လူသိများ ပါသည်။ နိုင်ငံ၏စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် သမ္မတ အာဒိုဂန် သည် ၎င်းအပေါ် ပြည်သူများ၏ထောက်ခံမှုမှာ ယခင်ကထက် ကျဆင်းလျက်ရှိပါသည်။ သို့သော် ဖေဖော်ဝါရီလအစောပိုင်းတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ကယ်ဆယ်ရေး အစီအစဉ်များကို သမ္မတ အာဒိုဂန်အစိုးရက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၎င်းအပေါ် ပြည်သူများ၏ထောက်ခံမှုမှာ အပြောင်းအလဲဖြစ်လာနိုင်ဖွယ်ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သမ္မတ အာဒိုဂန်နှင့် ခမဲလ် ကီလစ်ဒါအိုဂလူတို့၏ မဲဆွယ်စည်းရုံးမှုများသည်လည်း ရွေးကောက်ပွဲအနိုင်ရရှိရေး အတွက် အပြောင်းအလဲများဖြစ်၍ ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများကို လေ့လာစောင့်ကြည့် သွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:
Post a Comment