Monday, March 6, 2023

ဟန်ဂေရီနိုင်ငံဆိုင်ရာ ကာဂျစ်ကစ္စတန်သံအမတ်ကြီးက ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း

ဟန်ဂေရီနိုင်ငံဆိုင်ရာ ကာဂျစ်ကစ္စတန်သံအမတ်ကြီး တာလန်ဘက်ခ် ကုစကော့ဘီကော့ဗ် (Talantbek Kushcubekov) သည် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပညာရေး၊ ပညာသင်ဆုအစီအစဉ်များနှင့် သိပ္ပံဒီပလိုမာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မီခ်လိုစ်လန်ရဲလ် (Miklós Lengyel) နှင့် တွေ့ဆုံခဲ့ကြောင်း AKI Press သတင်းဌာနက မတ်လ ၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် Stipendium Hungaricum အစီအစဉ်၌ ကာဂျစ်ကစ္စတန်မှ ကျောင်းသားများပါဝင်နိုင်မှုအပါအဝင် ပညာရေးနှင့် သိပ္ပံဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သံအမတ်ကြီး ကုစကော့ ဘီကော့ဗ်အနေဖြင့် ပညာရေး၊ ရှေ့ရေးအလားအလာနှင့် စီမံကိန်းများတွင် လက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment