Friday, March 17, 2023
တူကီယဲသမ္မတသည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ခွင့်ရရှိရေးကိစ္စအပေါ် သံတမန်ရေးနည်းလမ်းအရ နှောင့်နှေးကြန့်ကြာစေသည့် ဆောင်ရွက်မှုများကို အဆုံးသတ်ခဲ့ခြင်း
တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ခွင့်ရရှိရေးကိစ္စရပ်အပေါ် သံတမန်ရေးနည်းလမ်း များအရ နှောင့်နှေးကြန့်ကြာစေခဲ့သည့် ဆောင်ရွက်နေမှုများကို မတ်လ ၁၇ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း GMA Network သတင်းဌာနက မတ်လ ၁၈ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ထို့ပြင် တူကီယဲလွှတ်တော်အနေဖြင့်လည်း NATO အဖွဲ့သို့ ဖင်လန်နိုင်ငံ ဝင်ရောက်ရေးကိစ္စရပ်ကို အမြန်ဆုံးအတည်ပြုထောက်ခံပေးရန် အာဒိုဂန်က တိုက်တွန်း ပြောကြားခဲ့ပါသည်။ အလားတူ ဟန်ဂေရီနိုင်ငံသည်လည်း မတ်လ ၂၇ ရက်တွင် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ရေးကိစ္စရပ်ကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ဖင်လန်နိုင်ငံသည် လာမည့်လအနည်းငယ်အတွင်း NATO အဖွဲ့၏ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
Labels:
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment