Xinhua; Jun-30(Tue)
ဂရိနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်အတွင်း ၅.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ဂရိဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ သို့သော်လည်း ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှု၏ အကျိုးဆက်များကြောင့် ဂရိနိုင်ငံ၏စီးပွားရေးကျဆင်းမှုမှာ ၉.၄ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်ကြောင်း ဂရိဗဟိုဘဏ်က ဇွန်လ ၂၉ ရက်တွင် ပြောကြား ခဲ့ပါသည်။ ဂရိနိုင်ငံ၏စီးပွားရေးသည် နွေရာသီကာလ သွားလာကန့်သတ်မှုပိတ်ပင်ခြင်း ပြီးဆုံးပြီးနောက် ပုံမှန်အခြေအနေသို့ ရောက်ရှိခဲ့မည်ဆိုပါက ဂရိနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် ၅.၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းအထိ လည်းကောင်း တိုးတက်နိုင်ကြောင်း ဂရိဗဟိုဘဏ်က ခန့်မှန်းပြောကြားခဲ့ပါသည်။
ဂရိနိုင်ငံ၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ ၉.၄ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင်မူ ၅.၇ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိကစားသုံးမှု၊ ကုန်ပစ္စည်းတင်ပို့မှု၊ ခရီးသွားလုပ်ငန်း ကဏ္ဍတို့တွင် စီးပွားရေးကျဆင်းခဲ့ရပြီး ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင်မူ ပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ ၂၀၂၀ ပြည့်နှစ် အတွင်း ဂရိနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ဂျီဒီပီ၏ ၂.၉ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရှိရပါသည်။
No comments:
Post a Comment