Wednesday, July 22, 2020

News Bar


           တူရကီနိုင်ငံမှ ရန်လိုမှုများထပ်မံပြုလုပ်လာပါက ဥရောပသမဂ္ဂအနေဖြင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်သင့်ကြောင်း ဂရိဝန်ကြီးချုပ် ကူရီယာကော့စ် မစ်ဆိုတာကီ (Kyriakos Mitsotakis) က ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် ဂရိတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဟိုက်ဒရိုကာဗွန် သယံဇာတနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီအနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင် သယံဇာတတူးဖော်မှုများ ပြုလုပ်နေခြင်းသည် ဂရိနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးကျော်ထိပါးနေခြင်းဖြစ်ကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီး နစ်ကိုဒန်ဒီယာ (Nikos Dendias) က ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် ယခုကဲ့သို့ပြုလုပ် ခြင်းသည် ဂရိနှင့် ဆိုက်ပရပ်စ်ဒေသများ၏ အချုပ်အခြာအာဏာကို စိန်ခေါ်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment