။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလအတွင်း လစ်ဗျားနိုင်ငံသို့ ဆီးရီးယားတိုက်ခိုက်ရေးသမား ၃,၅၀၀ ဦးမှ ၃,၈၀၀ ဦးအကြား စေလွှတ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် လစ်ဗျားဗိုလ်ချုပ်ကြီး ခါလီဖာဟက်တာ (Khalifa Hifter) ၏ တပ်ဖွဲ့ များအား ဆန့်ကျင်တိုက်ခိုက်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့များနှင့်
ပူးပေါင်းတိုက်ခိုက် နေသော ကြေးစားစစ်သည်ထောင်ပေါင်းများစွာကို နိုင်ငံသားခံယူခွင့် ပေးအပ်လျက်ရှိ
ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါ ကြေးစားစစ်သည်များသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်နွှယ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်
ရှိသော်လည်း ၎င်းတို့အနေဖြင့် ဆက်နွှယ်မှုရှိနေသည်ဟူသော အထောက်အထားများ တွေ့ရှိရခြင်းမရှိဟု အမေရိကန်စစ်ဘက်က ပြောကြားထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment