Arabnews;Jul-7(Tue)
တူရကီနှင့် ပြင်သစ်နိုင်ငံတို့အကြား
တင်းမာမှုများမြင့်တက်လျက်ရှိခြင်းသည် နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံများ၏
စည်းလုံးညီညွတ်မှုအပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့ပါသည်။ ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘောများနှင့်
တူရကီစစ်ရေယာဉ်များအကြား ပဋိပက္ခဖြစ်ပွားမှုတစ်ခုအပြီးတွင်
မြေထဲပင်လယ်အရှေ့ဘက်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်မှုများအား
ရပ်ဆိုင်းရန် ပြင်သစ်နိုင်ငံက ဆုံးဖြတ်ခဲ့ပါသည်။
ပြင်သစ်နိုင်ငံအနေဖြင့် ဇွန်လ ၁၀ ရက်တွင် တန်ဇန်းနီးယားနိုင်ငံ အလံလွှင့်ထူထားသော အရပ်ဘက်ကုန်တင်သင်္ဘောအား လစ်ဗျား
နိုင်ငံသို့ လက်နက်တင်ပို့သည်ဟု သံသယရှိသဖြင့် ၎င်းတို့၏လဖာရက်တီ (La Fayette) အမည်ရှိ စစ်သင်္ဘောဖြင့်ချဉ်းကပ်နေစဉ်
တူရကီရေတပ်မှပစ်ခတ်မှုထိန်းချုပ်ရေးရေဒါဖြင့် ၃ ကြိမ်တိုင်တိုင် ချိန်ရွယ်ခဲ့သဖြင့်
နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့ပါသည်။ အဆိုပါ သံသယရှိသည့် ကုန်တင်သင်္ဘောအား တူရကီစစ်သင်္ဘော ၃ စီးမှ စောင့်ကြပ်ခေါ်ဆောင်
သွားခဲ့ခြင်းဖြစ်ပါသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံအနေဖြင့်
အဆိုပါအဖြစ်အပျက် သည် သမိုင်းဝင်ရာဇဝတ်မှုဖြစ်ပြီး
တာဝန်ရှိသည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron)က ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ်
S-400 ဒုံးကျည်စနစ်အား ဝယ်ယူခဲ့ခြင်းကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က မကျေမနပ် ဖြစ်ခဲ့ရပါသည်။ နေတိုးအဖွဲ့အနေဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံဖြစ်သည့်
တူရကီနိုင်ငံ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ
အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဆတ်ဂျေဖရန်ဇ်မန်း
(Seth J. Frantzman)က ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment