Reuters;
Jul-8 (Wed)
တူရကီနှင့် အီတလီကာကွယ်ရေးဝန်ကြီးတို့သည် လစ်ဗျားနိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော
ပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း
ဇူလိုင်လ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ သဘောတူညီ ခဲ့ကြသည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနှင့် အီတလီနိုင်ငံတို့သည် ကိစ္စရပ်အများအပြားတွင်
တူညီသည့်အမြင်များ ရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့်
ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ခြင်းသည် မြေထဲပင်လယ် ဒေသအတွက် အကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi
Akar) က ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၌ ပဋိပက္ခများဖြစ်ပွားလျက်ရှိစဉ် အတွင်း ကုလသမဂ္ဂအသိအမှတ်ပြု အမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (Government of National
Accord-GNA) အား တူရကီနိုင်ငံက
ကူညီထောက်ပံ့ပေးလျက်ရှိပြီး လစ်ဗျား နိုင်ငံအရှေ့ပိုင်းရှိ ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ဉီးဆောင်သည့် လစ်ဗျားအမျိုးသား တပ်ဖွဲ့ (Libyan National
Army-LNA) အား အာရပ်စော်ဘွားများပြည်ထောင်စု၊
အီဂျစ်နှင့် ရုရှားနိုင်ငံတို့က ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိပါသည်။
ဗိုလ်ချုပ်ကြီး ခါလီဖာဟတ်ဖ်တာ
ဉီးဆောင်သည့် လစ်ဗျားအမျိုးသားတပ်ဖွဲ့ အား ပြင်သစ်နိုင်ငံက
ကူညီထောက်ပံ့မှုများလုပ်ဆောင်လျက်ရှိသည်ဟု တူရကီ၏စွပ်စွဲ ခဲ့မှုကြောင့်
လစ်ဗျားပဋိပက္ခနှင့်ပတ်သက်၍ တူရကီနှင့် အခြားသောနေတိုးအဖွဲ့ဝင်များ အကြား
ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။ ထို့ပြင် ဇွန်လ ၁၀ ရက်တွင် နေတိုး ထိန်းချုပ်မှုအောက်ရှိ ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘောတစ်စီးသည် လစ်ဗျားနိုင်ငံသို့
လက်နက် မှောင်ခိုတင်သွင်းသည်ဟု သံသယရှိသော
အရပ်ဘက်ကုန်တင်သင်္ဘောတစ်စီးအား စစ်ဆေးရန်ကြိုးပမ်းခဲ့မှုတွင်
တူရကီစစ်သင်္ဘောများ၏ ရန်လိုသည့်အပြုအမူနှင့် ပတ်သက်၍လည်း ပြင်သစ်နိုင်ငံက
ပြစ်တင်ပြောကြားခဲ့ပါသည်။ ထို့ပြင် မြေထဲပင်လယ် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန်အတွက်
အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ အတူတကွလုပ်ဆောင်သွားရန်လိုအပ်ကြောင်း
အီတလီကာကွယ်ရေး ဝန်ကြီး လိုရန်ဇိုဂူရီနီ (Lorenzo Guerini) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment