Monday, July 20, 2020

News Bar


           တူရကီနိုင်ငံသည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု လစ်ဗျားအမျိုးသား သဘောတူညီချက်အစိုးရအဖွဲ့ (Government of National Accord-GNA) အား အကူအညီ ပေးအပ်ရန်အတွက် လစ်ဗျားနိုင်ငံသို့ ဒုံးပစ်လောင်ချာများနှင့် လက်နက်ကြီးများအား ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ပြီး မြေထဲပင်လယ်၏ အဓိကမဟာဗျူဟာမြောက်နယ်မြေဖြစ်သော ဆာတီ (Sirte) မြို့အား တိုက်ခိုက်ရန်ဆောင်ရွက်လျက်ရှိကြောင်း Milliyet သတင်းစာက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံ အနေဖြင့် ဆီးရီးယားနိုင်ငံရှိ စစ်ဆင်ရေးများတွင် အသုံးပြုခဲ့သည့် T-122 Sakarya ဘက်စုံသုံးဒုံးပစ်လောင်ချာများနှင့် T-155 Firtina ယန္တရားတင်ဒုံးကျည်များကို ဆာတီမြို့ အနီးသို့ ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ကြောင်း အဆိုပါသတင်းစာက ထပ်လောင်းဖော်ပြခဲ့ ပါသည်။ လစ်ဗျားနိုင်ငံ၏ အဓိကရေနံတင်ပို့ရာလမ်းကြောင်းဖြစ်သည့် ဆာတီမြို့နှင့် အယ်လ်ဂျူဖရာ (al-Jufra) လေတပ်စခန်းတို့အား သိမ်းပိုက်ထားသည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဉီးဆောင်သော လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army-LNA) ထံမှ ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်၍ တူရကီနိုင်ငံသည် ထိုကဲ့သို့ လက်နက်ကြီးများအား ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment