။ ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည်
ဆီးရီးယားနိုင်ငံရှိ အယ်လ်ဟာဆာကာ (Al Hasakah) ပြည်နယ်တွင် ပူးတွဲကင်းလှည့်မှုမစ်ရှင်တစ်ရပ်ကို
ဆောင်ရွက်ခဲ့ကြောင်း ဆီးရီးယားပြန်လည်ပေါင်းစည်းရေးဆိုင်ရာ
ရုရှားစင်တာမှ အရာရှိတစ်ဦးဖြစ်သည့် အလက်ဇန္ဒြား ကာဇာကော့ဗ်
(Alexander
Kazakov) က ဇူလိုင်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပူးတွဲကင်းလှည့်မှုအား
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန်
(Recep
Tayyip Erdogan) တို့အကြား
၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် သဘောတူညီချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့ ပါသည်။
ရုရှားနှင့်တူရကီနိုင်ငံတို့သည် အဆိုပါမစ်ရှင်အတွင်း နယ်မြေ ၅ ခုအား စစ်ဆေးခဲ့ကြောင်းနှင့်
ကင်းလှည့်ခဲ့သည့်လမ်းကြောင်းအရှည်သည် ၅၅ ကီလိုမီတာ ရှိကြောင်း
ကာဇာကော့ဗ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါကင်းလှည့်မှုတွင်
ပုံမှန်အားဖြင့် ရုရှားနိုင်ငံထုတ် Mil Mi-8 အမျိုးအစားရဟတ်ယာဉ်
၂ စင်း ပါဝင်လေ့ရှိ ကြောင်းနှင့် ၎င်းမစ်ရှင်၏ရည်ရွယ်ချက်သည် တူရကီနယ်စပ်တစ်လျှောက်
ဘေးကင်း လုံခြုံမှုရှိစေရန်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment