တူရကီနိုင်ငံသည် အနောက်မဟာမိတ်နိုင်ငံများ၏ သွယ်ဝိုက်သော ကုန်သွယ်ခွင့် ပိတ်ပင်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် တောင်ကိုရီးယားနှင့် ယူကရိန်းနိုင်ငံများမှတစ်ဆင့် ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုများနှင့် မိတ်ဖက်အသစ်များရရှိရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း Defense News သတင်းဌာနက မတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါ သည်။ တူရကီနိုင်ငံ၏ တင့်ကားထုတ်လုပ်ရေး BMC ကုမ္ပဏီသည် Altay တိုက်ပွဲဝင်တင့် တည်ဆောက်ရန်အတွက် အင်ဂျင်နှင့်စက်ပစ္စည်းစနစ်များဝယ်ယူရန် တောင်ကိုရီးယား နိုင်ငံရှိ Doosan Group၊ S&T Dynamics ကုမ္ပဏီများနှင့် အကြိုသဘောတူညီချက် များအား လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းသတင်းဌာနက ထပ်လောင်းဖော်ပြခဲ့ပါ သည်။ တူရကီနိုင်ငံသည် ဂျာမနီရှိ MTU ကုမ္ပဏီနှင့် RENK ကုမ္ပဏီများမှ အင်ဂျင်နှင့် စက်ပစ္စည်းစနစ်များဝယ်ယူနိုင်ရေးအတွက် သဘောတူညီချက်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်၍ တူရကီနိုင်ငံသို့ လက်နက်တင်ပို့မှုများအား ဂျာမနီ နိုင်ငံက ကန့်သတ်ထားသောကြောင့် မည်သည့်သဘောတူညီချက်မှ ရရှိခဲ့ခြင်းမရှိ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment