တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Resecp Tayyip Erdogan) သည် လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘာ (Abdul Hamid Dbeibeh) နှင့် လစ်ဗျား သမ္မတကောင်စီအကြီးအကဲ မိုဟမ်မက်မန်ဖီ (Mohammad Menfi) တို့အား မတ်လ ၂၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း တူရကီအစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆက်သွယ်ပြောဆိုမှုအတွင်း သမ္မတ အာဒိုဂန်သည် တူရကီ-လစ်ဗျားဆက်ဆံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး လစ်ဗျားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအတွက် တူရကီနိုင်ငံအနေဖြင့် ကူညီ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် အပြန်အလှန်အကျိုးသက်ရောက်မှုများကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment