တူရကီသမ္မတ၏ လုံခြုံရေးနှင့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကော်မတီသည် တူရကီ-အီးယူဆက်ဆံရေးနှင့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ အစီအစဉ် များနှင့်ပတ်သက်၍ မတ်လ ၃ ရက်တွင် အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါကော်မတီ၏အပတ်စဉ်အစည်းအဝေးကို သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ အီဗရာဟင်ကာလင်(Ibrahim Kalin)က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ (Ankara) ရှိ သမ္မတရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအတွင်း တူရကီနှင့် ရုရှား၊ တရုတ်၊ အီရန်၊ အီရတ်နိုင်ငံတို့၏ ဆက်ဆံရေးအပါအဝင် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တူရကီနှင့်အီးယူတို့၏ ဆက်ဆံရေးနှင့်ပတ်သက် သည့်ကိစ္စရပ်များအပြင် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုအစီအစဉ် (Human Rights Action Plan) နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment