အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ကာလီလာနက် (Kalle Laanet) သည် အက်စတိုးနီးယားနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံဖြစ်သည့် ဖင်လန်နိုင်ငံတို့ အကြား နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံများကို အလေးထား ပြောကြားခဲ့ကြောင်း ERR သတင်းဌာနက မတ်လ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ကာလီလာနက်နှင့် ဖင်လန်ကာကွယ်ရေး ဝန်ကြီး အန်တီကိုင်ကိုနန် (Antti Kaikkonen) တို့သည် နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများအား ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှတစ်ဆင့် ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဖင်လန်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဥရောပသမဂ္ဂ၌ ပါဝင်သောကြောင့် အက်စတိုးနီးယားကာကွယ်ရေးတပ်ဖွဲ့ (Estonian Defense Forces-EDF) နှင့် အခြားကာကွယ်ရေးအဖွဲ့များနှင့်အတူ ပူးတွဲလေ့ကျင့်မှုများပြုလုပ် လျက်ရှိပြီး အဆိုပါပူးတွဲလေ့ကျင့်မှုများတွင် ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများ ကိုလည်း အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment