Tuesday, March 9, 2021

        တူရကီနိုင်ငံအနေဖြင့် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် စေ့စပ် ညှိနှိုင်းမှုများတွင် ကူညီဆောင်ရွက်ရန်အသင့်ရှိကြောင်းနှင့် အာဖဂန်နစ္စတန်သည် တူရကီအတွက် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း လက်ရှိအာဏာရ AK ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ အိုမာစီလစ်ခ် (Omer Celik) က မတ်လ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်တွင် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်အထူးသံတမန် ဇယ်လ်မေခါလီဇတ် (Zalmay Khalizad) က အာဖဂန်ငြိမ်းချမ်းရေးအတွက် အဆို ပြုချက်တစ်ခုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုပြုချက်သည် အာဖဂန်စစ်ပွဲအား အဆုံးသတ် နိုင်ရေးနှင့် အာဖဂန်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်သည့် အဆိုပြုချက် တစ်ခုဖြစ်ကြောင်း ကဘူလ်းအခြေစိုက် အာဖဂန်နစ္စတန် မဟာဗျူဟာလေ့လာရေး အဖွဲ့မှ အာဖဂန်ငြိမ်းချမ်းရေးကိုယ်စားလှယ် နာဒါနေဒရီ (Nader Nadery) က ပြောကြား ခဲ့ပါသည်။ လက်ရှိတွင် အာဖဂန်အစိုးရအနေဖြင့် အထက်ပါအဆိုပြုချက်သည် အာဖဂန် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ရရှိခြင်း ရှိ/မရှိ လေ့လာသုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment