လတ်ဗီးယားနိုင်ငံတွင် တပ်ဖြန့်ချထားသည့် ကနေဒါတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) က ပြောကြားခဲ့ပါသည်။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်၌ ပြုလုပ်ခဲ့သည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ထရူးဒိုးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သော်လည်း အင်အားမည်မျှ တိုးမြှင့်ချထားမှုပြုလုပ်မည်ကိုမူ တိတိကျကျပြောဆို ခဲ့ခြင်းမရှိပေ။ လက်ရှိအချိန်တွင် လတ်ဗီးယားနိုင်ငံ၌ တပ်ဖြန့်ချထားသော ကနေဒါ တပ်ဖွဲ့ဝင်ဦးရေသည် ၂,၀၀၀ ဦးရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment