Monday, July 4, 2022

တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို အာမေးနီးယားနိုင်ငံတွင် ပထမအကြိမ်လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့ခြင်း

 

Yenisafak;Jul-4(Mon)

              တူရကီနိုင်ငံသည် အာမေးနီးယားနိုင်ငံနှင့် နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို အာမေးနီးယားနိုင်ငံ၊ မြို့တော်ယေရေဗန် (Yerevan) တွင် ပထမအကြိမ်အဖြစ်လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇူလိုင်လ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ၎င်းကဲ့သို့ အစည်းအဝေးပြုလုပ်ရန် ကမ်းလှမ်း ခဲ့သော်လည်း အာမေးနီးယားနိုင်ငံအနေဖြင့် နိုင်ငံရေးဖိအားများကြောင့် အဆင်သင့်မဖြစ် သေးကြောင်း တူရကီနှင့် ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့် ပြည်ထဲရေးဝန်ကြီး များအကြား မြို့တော်အန်ကာရာ၌ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ အာမေးနီးယားလူမျိုးစုများသည် တူရကီ-အာမေးနီးယားဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အပေါ် ကန့်သတ်မှုများလုပ်ဆောင်လျက်ရှိသည့်အပြင် အာမေးနီးယားလမ်းများပေါ်တွင်လည်း အစွန်းရောက်အုပ်စုများ၏ ဆန္ဒပြမှုအချို့ရှိကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။

              တူရကီသည် အာမေးနီးယားနှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ အဆင့်တိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ် လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ အလားတူ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ရေးကို ထောက်ခံကြောင်း လည်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနှင့် အာမေးနီးယားသံတမန်များအကြား ပထမအကြိမ်ပြုလုပ်သည့် ပုံမှန်ဆက်ဆံရေးညှိနှိုင်းရေးဆွေးနွေးပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလ ၁၄ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်လက် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူညီခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် အာမေးနီးယား သံတမန်များသည် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် လည်းကောင်း၊ တတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို မေလ ရက်တွင်လည်းကောင်း၊ ဩစတြီးယားနိုင်ငံ၊ မြို့တော်ဗီယင်နာ၌ ဆွေးနွေးမှုများ အသီးသီးပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်တစ်စိတ်တစ်ပိုင်းအနေဖြင့် တူရကီနှင့် အာမေးနီးယားတို့ အကြား နှစ်ကြာရပ်နားထားသည့် စီးပွားရေးဆိုင်ရာလေကြောင်းခရီးစဉ်များကို ပြန်လည် စတင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment