Saturday, July 16, 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စတိုးနီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများရောင်းချမည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲခြင်း

။    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စတိုးနီးယားနိုင်ငံသို့ HIMARS ဒုံးကျည်စနစ်များ၊ နော်ဝေနိုင်ငံသို့ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များနှင့် တောင်ကိုရီးယား နိုင်ငံသို့ MK 54 Lightweight တော်ပီဒိုများ ရောင်းချပေးမည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်တန်ဖိုးရှိ သဘောတူညီချက်များကို ဇူလိုင်လ ၁၅ ရက်တွင် အတည်ပြု ပေးခဲ့ကြောင်း CNA သတင်းဌာနက ဇူလိုင်လ ၁၆ ရက်၌ ဖော်ပြခဲ့ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည့်အတွက် ဥရောပနိုင်ငံများက လက်နက်ဝယ်ယူမှု များပြားလျက်ရှိစဉ် အဆိုပါရောင်းချမှုအစီအစဉ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပေးခဲ့သော်လည်း ၎င်းတို့အကြား ဝယ်ယူရေးစာချုပ်ချုပ်ဆိုခြင်း၊ သို့မဟုတ် ညှိနှိုင်းမှုများ အပြီးသတ်နိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ မည်သည့်တရားဝင် ထုတ်ပြန်ချက်မျှ ထွက်ပေါ်ခဲ့ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

No comments:

Post a Comment