Monday, July 4, 2022

တူရကီနိုင်ငံအနေဖြင့် စဗဲဘာ့ဒ်သဘောတူစာချုပ် (Svalbard Treaty) တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း

 

    တူရကီနိုင်ငံအနေဖြင့် စဗဲဘာ့ဒ်သဘောတူစာချုပ် (Svalbard Treaty) တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထိုသို့ပါဝင်ခြင်းဖြင့် တူရကီနိုင်ငံသားများသည် စဗဲဘာ့ဒ် ကျွန်းစုနှင့် ၎င်းအနီးရေပိုင်နက်များ၌ ငါးဖမ်းပိုင်ခွင့်၊ နေထိုင်ခွင့်နှင့် အခြားအခွင့်အရေး များ ရရှိလာမည်ဖြစ်ကြောင်း Trend သတင်းဌာနက ဇူလိုင်လ ၄ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ထို့ပြင် တူရကီကုမ္ပဏီများအနေဖြင့်လည်း နော်ဝေနိုင်ငံ၏ အချုပ်အခြာအာဏာ အောက်ရှိ စဗဲဘာ့ဒ် ကျွန်းစုနှင့် ၎င်းအနီးရေပိုင်နက်များတွင် ရေကြောင်းသွားလာရေး၊ သတ္တုတူးဖော်ရေးနှင့် ကုန်သွယ်ရေးနယ်ပယ်များကိုလည်း လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်တွင်ပါဝင်မည့် ဥပဒေမူကြမ်းကို တူရကီသမ္မတ ရီဆက်တေ ရစ်အာဒိုဂန် (Recep Tayyip Erdogan) က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

No comments:

Post a Comment