Wednesday, July 27, 2022
တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း
တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ်ဘင်ဖာဟန်အယ်လ်ဆော့ (Faisal bin Farhan Al Saud) တို့သည် ဇူလိုင်လ ၂၇ ရက်တွင် ကုလသမဂ္ဂ၏စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများတင်ပို့မှုဆိုင်ရာသဘောတူညီချက်များနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးမှု အတွင်း ၎င်းတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်း များတွင် အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Labels:
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment