Tuesday, July 19, 2022

ရုရှားသမ္မတသည် အီရန်၊ တူကီယဲသမ္မတတို့နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန်အတွက် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း

Tass;Jul-19(Tue)

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ဆီးရီးယားနိုင်ငံရေး ဆိုင်ရာထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပရန် ဇူလိုင်လ ၁၉ ရက်တွင် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ရုရှားသမ္မတ အကြံပေး ယူရီအူရှန်ကော့ဗ် (Yury Ushakov) က ပြောကြားခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း သမ္မတ ပူတင်အနေဖြင့် အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi)၊ ဘာသာရေး ခေါင်းဆောင် အလီခါမီနီ (Ali Khamenei) တို့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အီရန်နျူကလီးယား သဘောတူညီချက်၏ လက်ရှိအခြေအနေများအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် အီရန်နိုင်ငံတွင် ရောက်ရှိနေသည့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံကာ ရုရှား-တူကီယဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍရှိ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မှု၊ ယူကရိန်းနိုင်ငံရေး အခြေအနေနှင့် ယူကရိန်းဂျုံတင်ပို့မှုအပါအဝင် နိုင်ငံတကာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

ရုရှား၊ တူကီယဲ နှင့် အီရန်နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံအတွင်း ၁၁ နှစ်ကျော် ကြာဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် မကြာသေးမီနှစ်များ အတွင်းကလည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ကိုတွေ့ရှိရပါသည်။ လက်ရှိအချိန် တွင်လည်း ရုရှားသမ္မတသည် ဆီးရီးယားနိုင်ငံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် နှင့် နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အီရန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း ရုရှားသမ္မတအကြံပေး ယူရီအူရှာကော့ဗ် (Yury Ushakov) က ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် သမ္မတ ပူတင်သည် အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် တူကီယဲ သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိ သမ္မတ ပူတင်၏ခရီးစဉ်သည် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီး ဒုတိယအကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်သော်လည်း တူကီယဲသမ္မတနှင့် တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း သိရှိရပါသည်။ သမ္မတ ပူတင်အနေဖြင့် ဆီးရီးယားနိုင်ငံဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အီရန်သမ္မတနှင့်တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အီရန်နျူကလီးယားသဘောတူညီချက်၏ လက်ရှိအခြေအနေများအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွား မည်ဖြစ်သည့်အပြင် တူကီယဲသမ္မတနှင့်တွေ့ဆုံပြီး ရုရှား-တူကီယဲ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍရှိ စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ယူကရိန်းနိုင်ငံရေးအခြေအနေနှင့် ယူကရိန်းဂျုံတင်ပို့မှုအပါအဝင် နိုင်ငံတကာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် အီရန်သည် ရုရှားအတွက် အရေးပါသည့်နိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုများကို မဟာဗျူဟာမြောက်အဆင့်အထိ တက်လှမ်းနိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရ ပါသည်။ သို့ဖြစ်၍ လာမည့်ကာလများတွင် အီရန်-ရုရှား ဆက်ဆံရေးမှာ ပိုမိုခိုင်မာ အားကောင်းလာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း တူကီယဲ-ရုရှားဆက်ဆံရေးမှာမူ တိုးတက်ကောင်းမွန်သည့်အလားအလာများ ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

No comments:

Post a Comment