Turkishminute;Jul-13(wed)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ လက်ယာစွန်းညွန့်ပေါင်းပါတီဝင် လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ တင်ပြထားသောမြေပုံတစ်ခုတွင် ဂရိကျွန်းစုအများအပြားကို တူကီယဲနိုင်ငံ၏ ပိုင်ဆိုင်မှုအဖြစ်ပြသထားခြင်းကြောင့် အမေရိကန် နှင့် ဂျာမနီတာဝန်ရှိသူများက ပြင်းထန်စွာတုံ့ပြန်ခဲ့ပြီး တူကီယဲအနေဖြင့် ဂရိနိုင်ငံ၏ပိုင်နက် နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မေးခွန်းထုတ်၍မရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ တူကီယဲသမ္မတ အာဒိုဂန်၏ ရွေးကောက်ပွဲမဟာမိတ်နှင့် အမျိုးသားရေးလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP or Grey Wolves) ခေါင်းဆောင် ဒီဗ်လက်ဘာ ဆီလီ (Devlet Bahceli) သည် ယခုသီတင်းပတ်အစောပိုင်းတွင် ၎င်းမြေပုံအား လူသိ ရှင်ကြားထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါမြေပုံ၌ Aegean ပင်လယ်တစ်ဝက်ခန့်နှင့် ကရီ (Crete) ကျွန်းတို့ကို တူကီယဲထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ၎င်းက ထည့်သွင်း ဖော်ပြထားပါသည်။
ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် အငြင်းပွားမှုများကို သံတမန်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက် နှစ်နိုင်ငံအကြား အတူတကွလုပ်ဆောင်ရန်နှင့် တင်းမာမှုများပိုမိုဖြစ်ပေါ်လာစေနိုင်သည့် စကားလုံးများနှင့် လုပ်ရပ်များကို ရှောင်ရှား သွားကြရန် တူကီယဲနှင့် ဂရိနိုင်ငံတို့အား NATO အဖွဲ့က တိုက်တွန်းပြောကြားခဲ့ပါသည်။ ဂရိနှင့် တူကီယဲတို့သည် အေဂျီယံပင်လယ်ရှိ စွမ်းအင်ရှာဖွေရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် လူနေထိုင်ခြင်းမရှိသောကျွန်းငယ်များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများအပါအဝင် ပြဿနာများစွာအတွက် ဆယ်စုနှစ်များစွာကြာ ထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပေါ်ခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍ နှစ်နိုင်ငံအကြား တင်းမာမှု များမြင့်တက်လာခြင်းနှင့်အတူ တူကီယဲသည် ၎င်းတို့ကမ်းလွန်ရှိ ဂရိကျွန်းစုများကို အာရုံစိုက်လာခဲ့ပြီး ဂရိနိုင်ငံအနေဖြင့် သဘောတူစာချုပ်များကို ချိုးဖောက်၍ အဆိုပါ ကျွန်းများ၌ စစ်ဘက်ဆိုင်ရာတပ်ဖြန့်ထားရှိမှုကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြောကြား ခဲ့ပါသည်။ ဂရိနိုင်ငံကမူ ၎င်းတို့အနေဖြင့် နိုင်ငံတကာဥပဒေများအတိုင်းလုပ်ဆောင် နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး တူကီယဲ၏ရန်လိုမှုများကြောင့်သာ ၎င်း၏ ကျွန်းစုများကို ခုခံကာကွယ်ရေးအတွက်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ဂရိနှင့် တူကီယဲတို့သည် အေဂျီယံပင်လယ်ရှိ စွမ်းအင်ရှာဖွေရေးဆိုင်ရာလုပ် ပိုင်ခွင့်နှင့် လူနေထိုင်ခြင်းမရှိသောကျွန်းငယ်များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများအပါအဝင် ပြဿနာများစွာအတွက် ဆယ်စုနှစ်များစွာကြာ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်ခဲ့ပါသည်။ ၂ နိုင်ငံအကြား တင်းမာမှုများကြောင့် တူကီယဲ နိုင်ငံသည် ၎င်းကမ်းလွန်ရှိ ဂရိကျွန်းစုများကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ဂရိနိုင်ငံသည် နိုင်ငံတကာသဘောတူညီချက်ပါစာချုပ်များကို ချိုးဖောက်လျက်ရှိကြောင်း စွပ်စွဲပြောကြား ခဲ့ပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်၏ ရွေးကောက်ပွဲမဟာမိတ်နှင့် အမျိုးသားရေးလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP or Grey Wolves) ခေါင်းဆောင် ဒီဗ်လက်ဘာဆီလီ (Devlet Bahceli) သည် ဂရိကျွန်းစုအများအပြားကို တူကီယဲနိုင်ငံ၏ ပိုင်ဆိုင်မှုအဖြစ်ပြသထားသည့်မြေပုံတစ်ခုကို ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါမြေပုံ၌ Aegean ပင်လယ်တစ်ဝက်နှင့် ကရီကျွန်း (Crete) ကို တူကီယဲထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ၎င်းက ထည့်သွင်းဖော်ပြခဲ့ခြင်း ကြောင့် အမေရိကန်နှင့် ဂျာမနီတာဝန်ရှိသူများသည် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည့် အပြင် ဂရိနိုင်ငံ၏ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မေးခွန်းထုတ်ရန် မလိုအပ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။ တူကီယဲအနေဖြင့် အဆိုပါကျွန်းစုများ ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ မြေပုံထုတ်ပြန်ခဲ့ခြင်းသည် ဂရိနိုင်ငံအား ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ထားသည့် ရန်လိုမှုတစ်ခုဖြစ်ပြီး တင်းမာမှုများဖြစ်စေမည့် တွန်းအားပေးမှု တစ်ရပ်ဖြစ်ပါသည်။ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား တင်းမာမှုများဖြစ်ပွားနေစဉ်တွင် တူကီယဲအမျိုးသားလှုပ်ရှားမှုပါတီမှ ထုတ်ဖော်ပြသခဲ့သည့်မြေပုံကြောင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲတင်းမာနေသည့်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာစေနိုင်ပြီး ထိပ်တိုက်တွေ့ဆုံမှု များဖြစ်စေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဂရိနိုင်ငံပိုင်ကျွန်းစုများအား တူကီယဲပိုင်ဆိုင်မှုအဖြစ် ထည့်သွင်းဖော်ပြထားသည့်မြေပုံ
No comments:
Post a Comment