Friday, July 8, 2022

ဂရိလွှတ်တော်၏ လက်နက်တပ်ဆင်ရေးအစီအစဉ်နှင့် စာချုပ်များဆိုင်ရာ အထူးကော်မတီသည် MQ-9 မောင်းသူမဲ့ လေယာဉ် (UAV) ၃ စင်းနှင့် ကုန်းရေနှစ်သွယ်သုံး AAV-7 သံချပ်ကာယာဉ်များဝယ်ယူရေး အတွက် အမေရိကန်ဒေါ်လာ ၇၀၃ သန်းကုန်ကျမည့် အစီအစဉ်တစ်ရပ်ကို အတည်ပြု ခဲ့ခြင်း

    ဂရိလွှတ်တော်၏ လက်နက်တပ်ဆင်ရေးအစီအစဉ်နှင့် စာချုပ်များဆိုင်ရာ အထူးကော်မတီသည် အမေရိကန်နိုင်ငံထုတ် ပြုပြင်မွမ်းမံထားသော MQ-9 မောင်းသူမဲ့ လေယာဉ် (UAV) ၃ စင်းနှင့် ကုန်းရေနှစ်သွယ်သုံး AAV-7 သံချပ်ကာယာဉ်များဝယ်ယူရေး အတွက် အမေရိကန်ဒေါ်လာ ၇၀၃ သန်းကုန်ကျမည့် အစီအစဉ်တစ်ရပ်ကို အတည်ပြု ခဲ့ကြောင်း Greekcitytimes သတင်းဌာနက ဇူလိုင်လ  ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်ထုတ် MQ-9 UAV များသည် အကွာအဝေး ၁,၈၅၀ ကီလိုမီတာ (၁,၁၄၉ မိုင်)၊ အမြင့်ပေ ၁၅ ကီလိုမီတာ (၉ မိုင်) အထိ ပျံသန်းနိုင်ပြီး လေထုအတွင်း ၂၇ နာရီကြာ ပျံသန်းနိုင်ကာ အေဂျီယန်ပင်လယ်နှင့် အရှေ့ဘက်မြေထဲပင်လယ်တို့ကို အဆက်မပြတ် စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ဂရိအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ ထို့အတူ AAV-7 သံချပ်ကာယာဉ်များသည်လည်း အကွာအဝေး ၃၇ ကီလိုမီတာ (၂၃ မိုင်) အထိ ခရီးနှင်နိုင်ပြီး စစ်သည် ၂၅ ဦးအထိ တင်ဆောင်နိုင်စွမ်းရှိပါသည်။ အဆိုပါသံချပ်ကာယာဉ် များကို အမေရိကန်နိုင်ငံ၌ ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ပြီးနောက်တွင် ဂရိနိုင်ငံသို့တင်ပို့ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment