Thursday, August 11, 2022
တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir‑Abdollahian) တို့သည် ဒေသတွင်းနှင့် နှစ်နိုင်ငံအရေးကိစ္စများနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် အီရန်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများ၊ အရှေ့အလယ်ပိုင်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ၊ အီရန်နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Labels:
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment