Sunday, August 7, 2022

ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား လက်နက်တင်ပို့ရောင်းချရေးဆိုင်ရာ သဘောတူညီချက်များ အပြီးသတ်ရေးတွင် ကူညီဆောင်ရွက်ရန်နှင့် ပိုလန်နိုင်ငံ၏ နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်းများတွင် တောင်ကိုရီးယားလုပ်ငန်းရှင်များ ပါဝင်ခွင့် ပြုရန် တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကတောင်းဆိုခဲ့ခြင်း

ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား လက်နက်တင်ပို့ရောင်းချရေးဆိုင်ရာ သဘောတူညီချက်များ အပြီးသတ်ရေးတွင် ကူညီဆောင်ရွက်ရန်နှင့် ပိုလန်နိုင်ငံ၏ နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်းများတွင် တောင်ကိုရီးယားလုပ်ငန်းရှင်များ ပါဝင်ခွင့် ပြုရန် တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကင်ဂျင်ပျို (Kim Jin-pyo) က ပိုလန်အောက်လွှတ်တော် (Sejm) ဥက္ကဋ္ဌ အယ်ဇ်ဘီတာဝီတက် (Elzbieta Witek) နှင့် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ပြုလုပ်သည့် တွေ့ဆုံမှုအတွင်း တောင်းဆိုခဲ့ကြောင်း Yonhap သတင်းဌာနက ဩဂုတ်လ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကင်၏ နှစ်နိုင်ငံသွားရောက် သည့်ခရီးစဉ်အတွင်း ပိုလန်သည် ပထမဆုံးခရီးစဉ်ဖြစ်ပြီး ၎င်းအနေဖြင့် ဒုတိယခရီးစဉ် အဖြစ် ရိုမေးနီးယားနိုင်ငံသို့လည်း သွားရောက်မည်ဖြစ်ပါသည်။ ကင်၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာစာချုပ်များနှင့် ၎င်းတို့၏ အတည်ပြုပြဋ္ဌာန်းချက်များကို ပွင့်လင်းမြင်သာသည့်ပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဝီတက်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment