အက်စတိုးနီးယားနိုင်ငံသည် NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ယူကရိန်းသို့ စစ်သုံးပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာအကူအညီများကို နောက်ထပ်ပေးပို့ သွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး အာမတ်ရိန်းဆာလူ (Urmas Reinsalu) က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) နှင့် ယူကရိန်းနိုင်ငံ၊ ကိဗ် (Kyiv) မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။ မိမိတို့အနေဖြင့် ယူကရိန်းနိုင်ငံကိုပြိုကွဲစေရန်ကြိုးပမ်းနေမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု များကဲ့သို့သော ရန်လိုတိုက်ခိုက်နေသည့် ရုရှားအား အရေးယူပိတ်ဆို့မှုများတိုးမြှင့်ရေးနှင့် အထီးကျန်နိုင်ငံဖြစ်စေရေးအတွက် ဖိအားများပေးရန်လိုအပ်ကြောင်း ရိန်းဆာလူက ပြောကြားခဲ့ပါသည်။ ရိန်းဆာလူသည် ယူကရိန်းနိုင်ငံသို့ ဩဂုတ်လ ၂ ရက်တွင် ရောက်ရှိနေပြီး သူ၏ ပထမဆုံးသော ယူကရိန်းခရီးစဉ်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment