Friday, August 12, 2022
တူကီယဲ၊ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့သည် ၃ နိုင်ငံ နားလည်မှု စာချွန်လွှာအရ ပထမဆုံးအကြိမ် ပူးတွဲအစည်းအဝေးတစ်ရပ်ကို ဩဂုတ်လ ၂၆ ရက်တွင်ကျင်းပရန် စီစဉ်ထားခြင်း
တူကီယဲနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတွင် အတူတကွပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီခဲ့သည့် ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့သည် ၃ နိုင်ငံ နားလည်မှု စာချွန်လွှာအရ ကတိပြုထားသည့် ပထမဆုံးအကြိမ် ပူးတွဲအစည်းအဝေးတစ်ရပ်ကို ဩဂုတ်လ ၂၆ ရက်တွင်ကျင်းပရန် စီစဉ်ထားသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဩဂုတ်လ ၁၁ ရက်တွင် ပြောကြား ခဲ့ကြောင်း Yeni Safak သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဖင်လန်နှင့်ဆွီဒင်တို့သည် ဇွန်လတွင် စပိန်နိုင်ငံ၊ မက်ဒရစ် (Madrid) မြို့၌ ပြုလုပ်ခဲ့ သည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်သမားများကို လွှဲပြောင်း ပေးမည်ဟူသည့် ကတိကဝတ်များကို လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တူကီယဲ နိုင်ငံအနေဖြင့် ဩဂုတ်လ ၂၆ ရက်တွင် ပြုလုပ်မည့် ပူးတွဲအစည်းအဝေးအတွင်း ၎င်းတို့၏ ကတိပြုပြောကြားချက်များကို အကောင်အထည်ဖော်မည့်အခွင့်အလမ်းများ မြင်တွေ့ လိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
စစ်ရေး,
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment