Tuesday, August 23, 2022
ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
APnews; Sep-24 (Sat)
ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
အဆိုပါသဘောတူညီချက်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအား အခြားသောနိုင်ငံများအနေဖြင့် ဝင်ရောက်စွတ်ဖက်မှုများပြုလုပ်ရန် မလိုအပ်ဘဲ မိမိတို့နိုင်ငံ၏ သဘောထားရပ်တည်ချက်အတိုင်းသာတည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားထားရှိပါသည်။ ဆားဘီးယားနှင့် ရုရှားတို့သည့် သမိုင်းကာလတစ်လျှောက် မဟာမိတ် နိုင်ငံများအဖြစ် တည်ရှိလျက်ရှိပြီး ဆားဘီးယားနှင့်ကိုဆိုဗိုတို့အကြား ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခတွင်လည်း ရုရှားနိုင်ငံသည် ဆားဘီးယားနိုင်ငံ၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ပြသသည့်နိုင်ငံအဖြစ် တည်ရှိနေပါသည်။ ဆားဘီးယားအနေဖြင့် ရုရှားနှင့်နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခြင်းသည် ဥရောပသမဂ္ဂ အဖွဲ့သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မည့် အခွင့်အရေးကိုစွန့်လွှတ်ပြီး ရုရှားနှင့်ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်ကိုသာ လုပ်ဆောင်နေသည့်လက္ခဏာဖြစ်ကြောင်း ဆားဘီးယား၏ အနောက်လိုလားသော အတိုက်အခံများကပြောကြားခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအများစုသည် ရုရှား၏လုပ်ရပ်ကို စိုးရိမ်ပူပန်မှုများဖြင့် စောင့်ကြည့်နေစဉ် ဆားဘီးယားနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို တိုက်ရိုက်ချိုးဖောက်သည့် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ခြင်းမှာ အတိတ်ကိုလေးစားရန်ကိစ္စမဟုတ်သော်လည်း အနာဂတ် အတွက် တာဝန်ရှိသောဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆားဘီးယားက ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအတွင်း စွမ်းအင်လိုအပ်ချက်ကို ရုရှားနိုင်ငံမှ ချိုသာသောဈေးနှုန်းဖြင့် ရရှိခြင်း၊ ဆားဘီးယားမှ ကိုဆိုဗိုခွဲထွက်ခြင်းကို ကာကွယ်ဟန့်တားရာတွင် ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံ၏အကူအညီလိုအပ်ခြင်း စသည့်အချက်တို့ကြောင့် ဆားဘီးယားအစိုးရ သည် ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရန် အဓိကအချက်မဟုတ်ဘဲ ၎င်း နိုင်ငံအတွက် အထောက်အပံ့ကောင်းဖြစ်သည့် ရုရှားနှင့်သာပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်သည့်အနေဖြင့် အထက်ပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Labels:
ဆားဘီးယား,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment