AP, Aug-22(Mon)
ဆားဘီးယားပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒြားဗူလင် (Aleksandar Vulin) သည် ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုသို့သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက် ဗရော့ဗ် (Sergey Lavrov) နှင့် ဩဂုတ်လ ၂၂ ရက်တွင် တွေ့ဆုံခဲ့ပါသည်။ အလက် ဇန္ဒြားဗူလင်၏ ခရီးစဉ်သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ရုရှားအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအား ကန့်ကွက်ကြောင်းပြသသည့် ခရီးစဉ် တစ်ခုလည်းဖြစ်ပါသည်။ ဆားဘီးယားနိုင်ငံသည် ရုရှားအပေါ်ချမှတ်သည့် အရေးယူပိတ်ဆို့ မှုများကို လိုက်ပါဆောင်ရွက်မှုမရှိခြင်းနှင့် ရုရှားအပေါ် ဆန့်ကျင်မှုမရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း ဗူလင်က တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး တရားဝင်ကြိုးပမ်းနေသည့် ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး လမ်းကြောင်းမှသွေဖည်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် အစဉ်အလာအရ ဆလပ်ဘာသာ စကားဆိုင်ရာ (Slavic) မဟာမိတ်ဖြစ်သော ရုရှားနိုင်ငံထံ ဦးတည်စေခဲ့ပါသည်။ ဆားဘီးယား နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးပန်းတိုင်ကို စွန့်လွှတ်ပြီး ရုရှားဘက်သို့ လှည့်သွားသင့်ကြောင်း ဗူလင်က ပြောကြားခဲ့ပြီး ဆားဘီးယား၏ အိမ်နီးချင်းများနှင့် ၎င်းတို့၏ခေါင်းဆောင်များကို နှိမ့်ချသောအမည်များဖြင့် မကြာခဏပြစ်တင်ပြောဆိုခဲ့ ပါသည်။ ထို့ကြောင့် ဗူလင်ကို ဆားဘီးယားအစိုးရအတွင်း “မော်စကိုလူ” ဟု သတ်မှတ် ထားပါသည်။ ထို့ပြင် ဗူလင်သည် ဆားဘီးယားသမ္မတ အလက်ဇန္ဒြားဗူစစ် (Aleksandar Vucic) ၏ ဦးဆောင်မှုအောက်တွင် ဘော်လ်ကန်ရှိ ဆာ့ဘ်လူမျိုးအားလုံးကို စည်းလုံးစေမည့် "ဆားဘီးယားကမ္ဘာ" ကို ဖန်တီးရန်အတွက် ထောက်ခံသူတစ်ဦးဖြစ်ပါသည်။ ဆိုဗီယက်ပြည်ထောင်စုလက်ထက်တွင် ရောင်စုံတော်လှန်ရေးများကို ဖြေရှင်းရန် လွန်ခဲ့သည့်နှစ်တွင် ဗူလင်သည် ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး နီကိုလိုက်ပါ ထရစ်ရှဗ် (Nikolai Patrushev) နှင့် လုပ်ငန်းအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ရုရှားအတိုက်အခံအဖွဲ့များသည် ရုရှားတွင် အစည်းအဝေးများကျင်းပရန် ခက်ခဲသဖြင့် ဗီဇာမလိုအပ်သော ဆားဘီးယားနိုင်ငံတွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဗူလင်သည် ၎င်းအစည်းအဝေးမှ အသံဖိုင်များကို ပတ်ထရုရှဗ်အား ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ရုရှား နိုင်ငံ၊ မော်စကိုမြို့၌ပြုလုပ်သည့် တွေ့ဆုံပွဲအတွင်း ပေးအပ်ခဲ့ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ရုရှားအစိုးရက ဆားဘီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့တက်ရောက်သူအချို့အား အချိန်တိုကာလအတွင်း ဖမ်းဆီးနိုင်ခဲ့ပါသည်။ ဗူလင်သည် ပါထရစ်ရှဗ်သို့ အသံဖိုင်များလွှဲပြောင်းပေးခဲ့သည်မှာမဟုတ်ကြောင်း ငြင်းဆို ခဲ့ပါသည်။ ပြီးခဲ့သောဧပြီလတွင်ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဆားဘီးယားအစိုးရသစ်ဖွဲ့စည်းတော့မည်ဖြစ်သောကြောင့် ဗူလင်၏ ရုရှားခရီးစဉ်အပေါ် ဆားဘီးယားအတိုက်အခံအရာရှိများက မေးခွန်းထုတ်လျက်ရှိပါသည်။ ၎င်း၏ ရုရှား ခရီးစဉ်ကို ရုရှားဘက်က စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယုံကြည်ကြပြီး အစိုးရသစ်တွင် ၎င်းကိုထည့်သွင်းရန် ဆားဘီးယားအား ဖိအားပေးရန်ဖြစ်ပါသည်။ လက်ဗရော့ဗ်သည် ဇွန်လတွင် ဆားဘီးယားသို့သွားရောက်ရန် စီစဉ်ထားသော်လည်း ဆားဘီးယား၏ နေတိုးအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများက လေယာဉ်အား ၎င်းတို့၏လေပိုင်နက်အတွင်း ပျံသန်းခွင့်ပြုရန် ငြင်းဆိုထားခြင်းကြောင့် ခရီးစဉ်ပျက်ခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment