Tuesday, August 9, 2022

တူကီယဲနှင့် အစ္စရေးအကြား စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအတွက် လာမည့်ဆောင်းဦးရာသီတွင် စီးပွားရေးဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပသွားရန် ပြင်ဆင်လျက်ရှိခြင်း

တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် ၎င်းတို့အကြား စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးဆွေးနွေးနိုင်ရေးအတွက် လာမည့်ဆောင်းဦးရာသီတွင် စီးပွားရေးဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပသွားရန် ပြင်ဆင်လျက်ရှိကြောင်း Asharq Al-Awsat သတင်း ဌာနက ဩဂုတ်လ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထို့ကြောင့် အစ္စရေးစီးပွားရေး ဝန်ကြီး အော်နာဘာဘီဗိုင် (Orna Barbivai) သည် တူကီယဲနိုင်ငံဆိုင်ရာ အစ္စရေး စီးပွားရေးသံတမန်သစ်အဖြစ် မာတန်ဆာဖရန် (Matan Safran) အား ခန့်အပ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် တူကီယဲနှင့် အစ္စရေးနိုင်ငံတို့၏ ကုမ္ပဏီပေါင်း ၃,၀၀၀ ကျော်ခန့်သည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးမှတစ်ဆင့် အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment