Tuesday, October 25, 2022

ဂရိဝန်ကြီးချုပ်သည် လွှတ်တော်အမတ်ဖြစ်သူ အန်ဒရီယက်ပက်ဆစ်အား ပါတီမှထုတ်ပယ်ခဲ့ခြင်း

     ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) သည် လွှတ်တော်အမတ်ဖြစ်သူ အန်ဒရီယက်ပက်ဆစ် (Andreas Patsis) အား လက်ရှိအာဏာရ New Democracy (ND) ပါတီ၏ လွှတ်တော်ရေးရာအဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုက အောက်တိုဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပက်ဆစ်အား အတိုက်အခံပါတီများက အကျင့်ပျက်ခြစားမှုများနှင့်စွပ်စွဲခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ် ခံခဲ့ရခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံသည် လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရှိပြီး မကြာသေးမီကပြုလုပ်ခဲ့သည့် လူထုစစ်တမ်းများအရ လက်ရှိအာဏာရ New Democracy ပါတီက အတိုက်အခံပါတီများထက် လူထုထောက်ခံမှုပိုမိုရရှိလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment