Thursday, October 20, 2022

တူကီယဲ ကာကွယ်ရေးဝန်ကြီးသည် ဂရိကာကွယ်ရေးဝန်ကြီး နှင့် ၎င်း၏ဇနီးအား တူကီယဲနိုင်ငံသို့ဖိတ်ခေါ်၍ အပြုသဘောဆောင်သည့် အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ရေး ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ခြင်း

တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်နေစဉ်တွင် တူကီယဲ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) သည် ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) နှင့် ၎င်း၏ဇနီးအား တူကီယဲနိုင်ငံသို့ဖိတ်ခေါ်၍ အပြုသဘောဆောင်သည့် အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ရေး ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း Hurriyet သတင်းဌာနက အောက်တိုဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ် (Brussels) ၌ ကျင်းပပြုလုပ်ခဲ့သည့် NATO ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်အတွင်း ၎င်းက အထက်ပါအတိုင်း ဖိတ်ကြား ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ဖြစ်ပေါ်နေသည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်၊ သို့မဟုတ် ထိန်းချုပ်နိုင်ရန်အတွက် နှစ်ဖက်ထိခိုက်မှုမရှိစေဘဲ စီမံခန့်ခွဲသင့်သည်ဟုလည်း အက်ကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment