Monday, October 10, 2022

တူကီယဲPKK၏ အကြီးတန်းအဖွဲ့ဝင် တစ်ဦးနှင့် ၎င်း၏သက်တော်စောင့်ကို သုတ်သင်နိုင်ခဲ့ခြင်း

တူကီယဲအမျိုးသားထောက်လှမ်းရေးအဖွဲ့ (MIT) သည် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) ၏ အကြီးတန်းအဖွဲ့ဝင် တစ်ဦးနှင့် ၎င်း၏သက်တော်စောင့်ကို အီရတ်နိုင်ငံမြောက်ပိုင်း၌ သုတ်သင်ရှင်းလင်း နိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သုတ်သင်ရှင်းလင်းခြင်းခံရသူသည် PKK ၏ ကျန်းမာရေးဆိုင်ရာကော်မတီတွင် တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း တူကီယဲလုံခြုံရေးအရာရှိများ၏ ပြောကြားချက်များကို ကိုးကား၍ ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ တူကီယဲနိုင်ငံသည် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment