Wednesday, October 5, 2022

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအပေါ် (၈) ကြိမ်မြောက် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်း

TASS; Oct-5(Wed)

ဥရောပသမဂ္ဂ (EU) အဖွဲ့မှ သံအမတ်ကြီးများသည် ရေနံဈေးနှုန်းကန့်သတ်မှု အပါအဝင် ရုရှားနိုင်ငံအပေါ် (၈) ကြိမ်မြောက် အရေးယူပိတ်ဆို့မှုများအား အောက်တိုဘာလ ၅ ရက်တွင် ချမှတ်သွားမည်ဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ အရေးယူပိတ်ဆို့မှုအသစ်များသည် ဥရောပသမဂ္ဂ (EU) နိုင်ငံသားများအား ရုရှားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ အကြီးတန်းရာထူး နေရာများ၌ တာဝန်ထမ်းဆောင်ခြင်းမပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားခြင်းနှင့် ရုရှား၏ သံမဏိလုပ်ငန်းပေါ်တွင် ကန့်သတ်ချက်များ ပါဝင်ပါသည်။ မော်လ်တာ၊ ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့မှ ရေနံတင်သင်္ဘောများသည် ရုရှားရေနံအများစုအား သယ်ယူပို့ဆောင်လျက်ရှိပြီး နောက်ဆုံးချမှတ်ခဲ့သည့် အရေးယူ ပိတ်ဆို့မှုများကြောင့် ၎င်းတို့၏ ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်းအပေါ် ထိခိုက်လာမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့သော် ၎င်းတို့အပေါ် အထူးအခွင့်အရေးများပေးအပ်ခဲ့ကြောင်း သတင်းဌာန၏ ဖော်ပြချက်တွင် ပါရှိပါသည်။

G-7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဂျာမနီနိုင်ငံ၊ မြို့တော် ဘာလင် (Berlin) ၌ စက်တင်ဘာလ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော G-7 အဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးများ အဆင့် အစည်းအဝေးပွဲအပြီးတွင် ရုရှားရေနံဈေးနှုန်းကန့်သတ်မည့် အဆိုအား သဘော တူညီခဲ့ကြပါသည်။ ထို့ပြင် G-7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်း များအား ကန့်သတ်ဈေးနှုန်း၊ သို့မဟုတ် ကန့်သတ်ဈေးနှုန်းအောက်ဖြင့်သာ တင်သွင်းရန် တိုက်တွန်းပြောကြားခဲ့ပြီး ၎င်းကိစ္စရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျယ်ပြန့်သောညွန့်ပေါင်းအဖွဲ့ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက် (Alexander Novak) သည် အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်တွင် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး အဆိုပါညွန့်ပေါင်း အဖွဲ့လှုပ်ရှားမှုသို့ ဝင်ရောက်မည့်နိုင်ငံများအပေါ် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းများ ရောင်းချမှုအား ရပ်ဆိုင်းသွားမည်ဟု သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment