The Hill;Oct-3(Mon)
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် တူကီယဲသမ္မတအကြံပေး အီဘရာဟင်ကလင် (Ibrahim Kalin) တို့သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အား NATO အဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်နိုင်ရေးအတွက် လက်ရှိ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ အောက်တိုဘာလ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း The Hill သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် ယူကရိန်း နိုင်ငံအတွင်း လက်ရှိစစ်ရေးပဋိပက္ခအခြေအနေများနှင့် ယူကရိန်းနိုင်ငံသို့ နိုင်ငံတကာ အကူအညီများပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။
တူကီယဲနိုင်ငံသည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားချက်ကို ကနဦးတွင်ငြင်းပယ်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ စေ့စပ် ညှိနှိုင်းမှုဖြင့် ပြီးခဲ့သည့်ဇွန်လတွင် သဘောတူလက်ခံခဲ့ပါသည်။ သို့သော် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အနေဖြင့် တူကီယဲနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက NATO အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်အပေါ် ထောက်ခံမှုများပြုလုပ်သွားမည်မဟုတ် ကြောင်း တူကီယဲနိုင်ငံက ထုတ်ပြန်ထားပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် NATO အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက် ရရှိရန်လိုအပ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment