ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) နှင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အကြား ယခု သီတင်းပတ်နှောင်းပိုင်းတွင် ချက်သမ္မတနိုင်ငံ၏မြို့တော် ပရာ့ဂ် (Prague) ၌ တွေ့ဆုံရန် လမ်းဖွင့်ထားကြောင်း ဂရိအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယာနီစိကော်နော်မူ (Giannis Oikonomou) က အောက်တိုဘာလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ တူကီယဲသည် အောက်တိုဘာလ ၇ ရက်တွင် ပရာ့ဂ်မြို့၌ကျင်းပရန် စီစဉ်ထားသော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်၏ အလွတ်သဘောအစည်းအဝေးသို့တက်ရောက်ရန် EU ကောင်စီဥက္ကဋ္ဌဖြစ်သည့် ချက်သမ္မတနိုင်ငံက ဖိတ်ကြားထားခြင်းခံရသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား ဆက်ဆံရေးသည် အေဂျီယံနှင့် မြေထဲပင်လယ်ရှိ ပင်လယ်ရေကြောင်းနှင့် စွမ်းအင် ဆိုင်ရာအငြင်းပွားမှုများအပါအဝင် ကိစ္စရပ်များစွာနှင့် ကာလရှည်ကြာဆက်ဆံရေး တင်းမာ လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment