Wednesday, October 12, 2022

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ဇူဇနာ ၂ (Zuzana 2) အမည်ရှိ ယာဉ်တင်ဟောင်ဝစ်ဇာအမြောက် ၂ စီးအား ပေးပို့ခဲ့ခြင်း

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ဇူဇနာ ၂ (Zuzana 2) အမည်ရှိ ယာဉ်တင်ဟောင်ဝစ်ဇာအမြောက် ၂ စီးအား ပေးပို့ခဲ့ကြောင်း ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု TASS သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။
ထို့ပြင် ဂျာမနီ၊ ဒိန်းမတ်နှင့် နော်ဝေနိုင်ငံတို့ဖြင့် ချုပ်ဆို ထားသော ယူရို ၉၂ သန်းရှိ သဘောတူညီချက်အရ ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် ဇူဇနာ ၂ ယာဉ်တင်ဟောင်ဝစ်ဇာအမြောက် ၁၆ စီးအား ထပ်မံ ထုတ်လုပ်ပေးပို့သွားမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်အား ဆလိုဗက်ကီးယားနှင့် ဒိန်းမတ်ကာကွယ်ရေးဦးစီးချုပ်တို့က အောက်တိုဘာလ ၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပါသည်။ ဇူဇနာ ၂ အမည်ရှိ ၁၅၅ မမယာဉ်တင်ဟောင်ဝစ်ဇာအမြောက်အား ဆလိုဗက်ကီးယားနိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ကီလိုမီတာ ၄၀ အတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment