Tuesday, October 4, 2022

ဟန်ဂေရီ၊ သြစတြီးယားနှင့် ဆားဘီးယားတို့သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ခြင်း

ဟန်ဂေရီ၊ သြစတြီးယားနှင့် ဆားဘီးယားတို့သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် အောက်တိုဘာလ ၃ ရက်တွင် သဘောတူညီခဲ့ကြောင်း ဆားဘီးယားပြည်တွင်းမီဒီယာက အောက်တိုဘာလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူတာပတ်စ် (Budapest) တွင် ၃ နိုင်ငံမှ ခေါင်းဆောင်များတွေ့ဆုံပြီးနောက် အထက်ပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံသည် ဆားဘီးယားနှင့် သြစတြီးယား တို့နှင့်အတူ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများ၏ သားကောင်များဖြစ်ခဲ့ရကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Victor Orban) က သတင်းစာရှင်းလင်းပွဲတစ်ခု အတွင်း ပြောကြားခဲ့ပါသည်။ လက်ရှိ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း ယူကရိန်းမှ ဟန်ဂေရီသို့ လူ ၁ သန်းခန့် ဝင်ရောက်လာကြောင်းနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များသည် တောင်ပိုင်းနယ်စပ်တစ်လျှောက်မှ ဟန်ဂေရီသို့ဝင်ရောက်ရန် ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment