Monday, October 10, 2022

ဩစတြီးယားတွင် ဒုတိယအကြိမ် သမ္မတရာထူးအား ထပ်မံကျင်းပပြုလုပ်သွားမည်ဆိုခြင်း

ဩစတြီးယားသမ္မတ အလက်ဇန်ဒါးဗန်ဒါဘဲလန် (Alexander Van der Bellen) သည် အောက်တိုဘာလ ၉ ရက်တွင် ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ မဲရလဒ် ၅၀ ရာခိုင်နှုန်းနှင့်အထက်ရရှိခဲ့သောကြောင့် ဒုတိယအကြိမ် သမ္မတရာထူးအား ထပ်မံထမ်းဆောင်ရမည်ဖြစ်ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အလက်ဇန်ဒါးဗန်ဒါဘဲလန်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ တွင် သမ္မတရာထူးအား စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ အသက် ၇၈ နှစ် အရွယ်ရှိ အလက်ဇန်ဒါးဗန်ဒါဘဲလန်သည် ဒုတိယအကြိမ် သမ္မတသက်တမ်း ၆ နှစ် ထပ်မံ ထမ်းဆောင်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွင် အောက်လွှတ်တော်အား ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment